Friday, July 30, 2010

မိတ်ဆွေကောင်းဘယ်လိုပေါင်းမလဲ

ရိုးသားမှု့နဲ့ပေါင်းပါဟန်မဆောင်ပါနဲ့

မာနမကြီးပါနဲ့သဘာဝကျစွာပေါင်းပါ။

မြော်မြင်ဆင်ခြင်နိုင်မှု့နဲ့ပေါင်းပါ။

ကိုယ်ချင်းစာစိတ်ဖြင့်ပေါင်းပါ။

မိသားစုစိတ်ဖြင့်ပေါင်းပါ။

ငယ်ပေါင်းစိတ်နဲ့ပေါင်းပါ။

သူတော်စင်စိတ်နဲ့ပေါင်းပါ။

ဝန်တိုခြင်းကင်းသောစိတ်နဲ့ပေါင်းပါ။

တဘက်သတ်မကျသောစိတ်နဲ့ပေါင်းပါ။

တစ်နပ်စားမကြံသောစိတ်နဲ့ပေါင်းပါ။

မြို့ရွာမည်မျှဝေးဝေးသွေးမအေးပဲပေါင်းပါ။


နှပ်ဂတိပြုသလိုလက်တွေ့မှာလည်းကတိ အတိုင်းပေါင်းသင်းပါ။

မှားနေလျှင်ထိုအမှားကိုပြောပေါင်းသင်းပါ။


မှန်နေတဲ့အခါ ထိုအမှန်ကို ချီးမွမ်းဝမ်းမြောက်စွာ ပြောပြီးပေါင်းသင်းပါ။

သာရေးမသွားဖြစ်တောင် နာရေးကိုဦးစားပေးသွားပါ။


သာရေးနာရေးအရေးကြုံလျှင်ပေါင်း သင်းနိုင်အောင်ပေါင်းသင်းပါ။

ဆန့်ကျင်ဘက်ကိုမပေါင်းနဲ့ မပေါင်းမဖြစ်ပေါင်းရလျှင် အပေါ်ကယှဉ်

အထဲကြဉ်၍ပေါင်းသင်းပါ။

ရန်သူဆိုလျှင် အတွင်းမ၀င်နိုင် အောင်ပေါင်းသင်းပါ။

သစ္စာမဲ့သူကို ကိုယ်က သစ္စာရှိစွာပေါင်းသင်းပါ။

ဥစ္စာငွေကျေးပျက်ပါစေ စရိတ္တမပျက်စေပဲ ပေါင်းသင်းပါ။

ဆင်းရဲသော်လည်း သီလမမွဲက ပေါင်းသင်းပါ။


မေ့လျှော့ မူးယစ်သည်ကိုစောင့်ရှောက်ခြင်း။

မေ့လျှော့သော မိတ်ဆွေ၏ ဥစ္စာကို စောင့်ရှောက်ခြင်း။

ကြောက်လန့်သော မိတ်ဆွေ၏ အားကိုးမှီခိုရာဖြစ်ခြင်း။

ဘေးရန် ဖြစ်ပေါ်လာသော်လည်းမစွန့်ခြင်း။

မိတ်ဆွေ၏ သားသမီးမြေးမြစ်တိုင်အောင်မြတ်နိုးခြင်း။

(ဆောင်ပုဒ်လင်္ကာမှတ်စရာ)

မေ့လျော့ စောင့်လာ ဥစ္စာ စောင့်ရှောက်

ဘေးရောက်ကိုးကွယ် ဘေးတွယ်မပစ်

သားမြစ်စဉ်ဆက် မပျက်ချီးပင့်

ဝတ်ငါးဆင့် ပြုကျင့်မိတ်ဆွေများ။


(ညောင်တုန်း ရွှေဟသ်ာတောရ ဆရာတော်)


သုတေသီဘုန်းမြင့်သွေး(လူဖြစ်ရကျိုးနပ်မည့်ပေါင်းသင်းဆက်ဆံနည်းလမ်းမှန်)မိတ်ဆွေစစ်ဆိုတာ .......

(၁) ပေးနိုင်ခဲတဲ့ပစ္စည်းကို ပေးတယ် ။

(၂) ပြုနိုင်ခဲတဲ့အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်ပေးတယ် ။

(၃) သည်းခံနိုင်ခဲတဲ့အမှုကို သည်းခံတယ် ။

(၄) သူ့ရဲ့လျှို့ဝှက်ချက်ကို ဖွင့်ပြောတယ် တိုင်ပင်တယ် ။

(၅) မိမိလျှို့ဝှက်ချက်ကို အခြားသူအား မပြောဘဲ လျှို့ဝှက်ထားတယ် ။

(၆) ဘေးအန္တရာယ်ကြုံလာတဲ့အခါ မိမိကို မစွန့်ခွာဘူး ။

(၇) ဥစ္စာကုန်ခန်းတဲ့အခါ ဆင်းရဲတဲ့အခါ မိမိကိုမထီမဲ့မြင် မပြုဘူး ။


မိတ်ဆွေအတုအယောင် လေးယောက်

(၁) မိမိထံမှပစ္စည်းငွေကြေးကို ယူပဲ ယူတတ်သူ ၊ ပြန်မပေးတတ်သူ ။

(၂) လက်တွေ့မပါ စကားနဲ့ပဲ ပေးတတ်သူ ။

(၃) မှန်မှန် မှားမှား အကြိုက်ကိုပဲ လိုက်ပြီးပြောတတ်သူ ။

(၄) ဘ၀ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူ ။



(၁) ယူပဲယူတတ်တဲ့ မိတ်ဆွေရဲ့သဘောသဘာဝမှာ ....

မိမိကိုနည်းနည်းပေးပြီး မိမိဆီက များများပြန်ရချင်တယ် ။

သူ့အတွက်ဘေးဒုက္ခရောက်မှ ကိုယ့်ကိုသတိရတတ်တယ် ။

သူ့ကိုယ်ကျိုးအတွက်ပဲ ပေါင်းသင်းတယ်။


(၂) စကားနဲ့ပဲပေးတတ်တဲ့ မိတ်ဆွေသဘာဝ ....

လွန်ပြီးတဲ့အရာနဲ့ ချီးမြှောက်တယ် ။

မဖြစ်သေးတဲ့အရာနဲ့ ချီးမြှောက်တယ် ။

အချီးအနှီးဖြစ်တဲ့ လောကွတ်စကားနဲ့ ချီးမြှောက်တယ် ။

ဖြစ်ဆဲကိစ္စ၌ ပျက်ဆီးခြင်းကိုပြတယ် ။


(၃) အကြိုက်ကိုလိုက်၍ပြောတတ်တဲ့ မိတ်ဆွေသဘာဝ ....

မကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ် ။

ကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ် ။

မိမိရှေ့တွင် မိမိကို ချီးမွမ်းပြောဆိုတယ် ။

မိမိကွယ်ရာတွင် မိမိမကောင်းကြောင်းကိုပြောတယ် ။


(၄) ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူမိတ်ဆွေ ....

သေရည်အရက်သောက်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။

အချိန်အခါမဲ့ လည်ပတ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။

ပွဲလမ်းသဘင်ကြည့်ရှုတဲ့အခါမှာ အပါင်းအသင်းဖြစ်တယ် ။

လောင်းကစားလုပ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။ )

Read More...

Thursday, July 29, 2010

ဘ၀ရဲ.အကောင်းဆုံးအချိန်ကာလများ

အဲ.သည်နေ.က ဇွန်လ ၁၅ ရက်နေ. ၊နောက်နှစ်ရက် ဆိုလျှင် ကျွန်တော် အသက် (၃၀)
ပြည်.တော.မည်။ ဘာလိုလိုနဲ. ဆယ်စုနှစ် အသစ်တစ်ခုထဲသို. ရောက်တော.မှာပါကလား။
ငါ.ဘ၀ရဲ. အကောင်းဆုံး အချိန်ကာလ တွေ ကုန်ဆုံးခဲ.ပြီလား။ အဲ.သည်လို အတွေးဖြင်.
ကျွန်တော် ရင်လေးသွားမိသည်။
အဲ.သည်တုန်းက ကျွန်တော် နေ.စဉ်လုပ်လေ.ရှိသည်. အရာများထဲမှာ တစ်ခုက အလုပ်
မသွားမီ အားကစားခန်းမ ထဲသွားပြီး လေ.ကျင်.ကစားခြင်းဖြစ်သည်။နေ.စဉ်
နံနက်တိုင်း အားကစား
ခန်းမရောက်လျှင် ကျွန်တော်.မိတ်ဆွေကြီး နစ်ကိုလတ်(စ) ကိုတွေ.ရစမြဲ
ဖြစ်သည်။ နစ်ကိုလတ်(စ) ကအသက် ၇၉ နှစ်
ရှိပြီ။ သို.သော် အရွယ်နှင်. မလိုက်အောင် ကျန်းမာသန်စွမ်း သည်။
အဲ.သည်နေ. နစ်ကိုလတ်(စ) ကိုနူတ်ဆတ်တော. ကျွန်တော် ခါတိုင်းလို
သွက်သွက် လက်လက်မရှိတာ သူသတိပြုမိပြီး
ဘာဖြစ်သလဲမေးသည်။ကျွန်တော် က အသက် ၃၀ ပြည်.တော.မည်.အကြောင်းနှင်.
အဲ.သည်အတွက် စိုးရိမ်ပူပန်မိသည်.
အကြောင်း ပြောပြသည် ။ အဲ.သည် လိုပြောရင်းက ၊အင်း ငါ နစ်ကိုလတ်(စ) အသက်
လောက်များ ရောက်ရင် ဘယ်လိုခံစား
ရမလဲ မသိဘူး ဟုတွေးမိကာ သူ.အားမေးခွန်းတစ်ခုမေးမိသည်။
"အဘ ဘ၀မှာ ဘယ်အချိန်ကာ လ ဟာ အကောင်းဆုံး ကာလလို. ယူဆပါသလဲ "
"မင်းက အတွေး အခေါ်ပါတဲ. မေးခွန်းမေးတော. ငါကလည်း
အတွေး အခေါ်ပါတဲ. အဖြေ ပြန်ပေးရမှာပေါ."နစ်ကိုလတ်(စ) က
မဆိုင်းမတွ ဆိုသည်။

"ဒီလို ကွ ငါ သြစတြေးယား မှာ ကလေးဘ၀တုန်းက ငါ.ကိစ္စ
ဝိစ္စတွေ အားလုံးကို ငါ.မိဘတွေက တာဝန်ယူတယ် ၊ ငါ.ကို သူတို.ပြုစု
ပျိုးထောင်ကြတယ် ၊အဲ.ဒီအချိန် ဟာ ငါ.ဘ၀ ရဲ.အကောင်းဆုံးအချိန် ဖြစ်ခဲ.တယ်၊
တစ်ခါ ငါကျောင်းနေစဉ်ကာလ မှာ ဒီကနေ. ငါသိခဲ.ရတဲ.
အကြောင်း အရာ တွေ ကျောင်းကသင်ပေးလို. သိရတတ်ရ တယ်၊ အဲ.ဒီကာလ
ဟာလဲ ငါ.ဘ၀ရဲ. အကောင်းဆုံး အချိန်ကာလ တစ်ခုဖြစ်ခဲ.တယ်။
အဲ.သည်နောက် ၊ငါအလုပ်ရတယ် ၊အဲ.ဒီ ခါတာဝန်တွေ ယူရတယ် ၊
ဒါပေမယ်. ငါအားထုတ် လုပ်ကိုင်သမျှအတွက် အကျိုးခံစားခွင်.တွေ
ငါရတယ် ၊ အဲ.ဒီ အချိန် ဟာ ငါ.ဘ၀ရဲ. အကောင်းဆုံး အချိန် ပဲ၊
နောက် ၊ငါ.မိန်းမနဲ. ငါတွေ.တယ် ၊ ချစ်ကြခင်ကြတယ် ၊
အဲ.ဒီအချိန်ဟာ လဲ ငါ.ဘ၀ရဲ. အကောင်းဆုံးအချိန် တစ်ခုပဲ ၊
အဲ.သည်နောက် ဒုတိယ ကမ္ဘာစစ်ဖြစ်တယ်။စစ်မီးတောက်နေတဲ.
သြစတြေးယားကနေ လွတ်ရာကျွတ်ရာ ကို လင်မယားနှစ်ယောက်
အသက်ဘေးအတွက် ပြေးကြရတယ် ၊ မြောက်အမေရိက ကိုသွားတဲ. သဘောင်္တစ်စီး ပေါ်ကို
နှစ်ယောက်သားဘေး ကင်းရန်ကင်း ရောက်သွားတဲ.
အချိန်ဟာ ငါ.ဘ၀ရဲ. အကောင်းဆုံး အချိန် တစ်ခုပဲ၊
နောက် ၊ ကနေဒါကို တို.ရောက်လာတယ် ၊ သိုက်သိုက်ဝန်းဝန်း
မိသားစုတစ်ခုဖြစ်လာတယ် ၊ အဲ.ဒီအချိန်ဟာလည်း ငါ.ဘ၀ရဲ. အကောင်းဆုံး
အချိန် တစ်ခုပဲ ပေါ. ၊
နောက် ဖခင်တစ်ယောက်ဘ၀နဲ. သားသမီးတွေ ပြုစုပျိုးထောင်ပေးရင်း
သူတို.လေးတွေ ကိုယ်.မျက်စိရှေ.မှာ ကြီးပြင်းလာကြတာ တစ်စိမ်.စိမ်.
ကြည်.ခွင်.ရတယ်။ အဲ.ဒီကာလဟာလဲ ငါ.ဘ၀ရဲ. အကောင်းဆုံးအချိန် တစ်ခုပဲ။
အဲ.သည်နောက် အခုအချိန် မှာကောတဲ. ၊ ငါပြောမယ် ဂျိုး ၊ငါ အခုအသက်
၇၉ နှစ်ရှိပြီ ။ဒါပေမယ်. ကျန်းမာတယ် ၊နေလို.ထိုင်လို.ကောင်းတယ် ၊
ငါ.မိန်းမကိုလည်း ငါစတွေ.စဉ်ကလိုဘဲ ချစ်နေတုန်းဘဲ ၊ အဲ.သည်တော.
ဒီအချိန်ကာလ ဟာလဲ ငါ.ဘ၀ရဲ.အကောင်းဆုံး အချိန်ကာလ တစ်ခုဘဲပေါ.ကွာ ၊

Read More...

အမျိုးသားအကျိုးစီးပွား၊ ပြည်သူ့ကျန်းမာရေးနှင့် သဘာဝမဟုတ်သောအချိုရည်တစ်ခွက်

အမေရိကန် ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို မြို့တွင် မြို့တော်ဝန် ဂေဗင်နယူဆမ်၏ အမိန့်ဖြင့် ပိုက်ဆံထည့် အလိုအလျောက် ၀ယ်ယူရသော စက်များမှ ၀ယ်ယူရသော ကုတ်၊ ပက်ပ်စီ၊ လိမ္မော် စသောအအေးများကို ၀ယ်ယူခွင့်
ရောင်းချခွင့်များ ပိတ်ပင်တော့မည် ဖြစ်ကြောင်း သိရသည်။ ယခုတားမြစ်မှုတွင်
ဆိုဒါပါသော ဖျော်ရည်များ၊ အားကစားသမားများသောက်သော ဓာတ်ဆားပါ
ဆိုဒါဖျော်ရည်များနှင့် သဘာဝ သစ်သီးဖျော်ရည်မဟုတ်သော အချိုရည်များအားလုံး
ပါဝင်ကြောင်း သိရသည်။


ထို့ပြင် ထိုအမိန့်စာတွင် သစ်သီးဖျော်ရည်များကို ရောင်းချရာတွင် ၁၀၀% ပြည့် သစ်သီးဖျော်ရည်ဖြစ်မှသာ၊ ဓာတုအချိုပစ္စည်းများ ထည့်သွင်းမှ လုံးဝမရှိကြောင်း စစ်ဆေးပြီးမှသာ ရောင်းချခွင့်ပေးသွားမည် ဖြစ်ပြီး
ဆိုဒါပါဝင်သော အချိုရည်အမျိုးအစားများကို ဆက်လက် ရောင်းချခွင့်
ပြုသွားရာတွင်လည်း အချိုရည်၏ ၂၅% အထိသာ ဆိုဒါပါဝင်ခွင့် ပြုမည် ဖြစ်ကြောင်း
ပါရှိသည်။


အဆိုပါသတင်းနှင့် ပတ်သက်၍ San Francisco Chronicle သတင်းစာက ဝေဖန်ရေးသားရာတွင် " ဤကြေငြာချက်သည် ဆန်ဖရန်စစ္စကိုမြို့၏ ကျန်းမာရေးအဆင့်ကို မြှင့်တင်ပေးပြီး အ၀လွန်ခြင်းကို တိုက်ဖျက်ရန်
လုပ်ဆောင်ခြင်းဖြစ်သည်။ သမ္မတကတော် မီရှယ်အိုဘားမားက တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် အကောင်အထည်ဖော်နေသော အမျိုးသားကျန်းမာရေးစီမံကိန်းနှင့်
တူတူပင် ဖြစ်သည်" ဟု ဖော်ပြပါရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် အ၀လွန်မှု လွန်စွာမြင့်မားလာနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်ရာ အမျိုးသားကျန်းမာရေးကို ထိရောက်စွာ မြှင့်တင်ရာ ရောက်ပြီး ပြည်သူ့
အကျိုးစီးပွားကို ကာကွယ်ရာရောက်အောင် စီးပွားရေးလုပ်ငန်းများအပေါ်
ယခုကဲ့သို့အမိန့်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတကာ မီဒီယာလောကမှ
ဝေဖန်ထောက်ခံ လျက်ရှိကြသည်။

FF မှသူငယ်ချင်း မိတ်ဆွေများကို ကျန်းမာရေးဗဟုသုတ တိုးစေရန်သာ ရည်ရွယ်ပါသည် တခြားမည်သည်ရည်ရွယ်ချက်မျှမရှိပါ

*****အားလုံးကိုခင်တဲ

Read More...

Wednesday, July 28, 2010

အရက်နှင့်ဆေးလိပ်တွဲမိပြီဆိုလျှင်တော့ဘယ်လိုတွေဖြစ်မလဲဗျာ

ယနေ့ ဆရာဝန်များ တွေ့ရှိသော အချက်က ဆေးလိပ်နှင့်အရက် ပေါင်းစပ်လို့ မရပါ။
အရက်ရော ဆေးလိပ်ပါ ကျန်းမာရေးကို ထိခိုက်စေတတ်သည်။ ဤသည်မှာ လူတိုင်း
အသိပင်..။ ယင်းနှစ်ခုကို ပေါင်းလိုက်မိလျှင် ပြဿနာမှာ ပို၍ပို၍
မျှော်မှန်းသည်ထက် ကြီးထွားသွားသည်။

အရက်ရော ဆေးလိပ်ပါ သောက်သုံးသူတို့၏ ဖျားနာဖို့နှုန်းသည် ဆေးလိပ်ကို
မသောက်ပဲ အရက်ကို ရေသောက်သလို သောက်နေသောသူ၊ အရက်ကိုမသောက်ပဲ ဆေးလိပ်ကို
မီးခိုးခေါင်းတိုင်ဖြစ်အောင် သောက်နေသော သူတွေထက် ပိုသည်ဟု
ပြင်သစ်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ကင်ဆာရောဂါ သုတေသနမှ ပညာရှင်များက
ဆိုပါသည်။ အဆိုပါ ဌာနကြီးမှ တာဝန်ရှိပုဂ္ဂိုလ်၏ ပြောပြချက်အရ နေ့စဉ် စီးကရက်
တစ်ဗူးနှင့်အတူ အရက်ကို အသင့်အတင့် တွဲဖက်သောက်သုံးသောသူ၏
အစာမျိုလမ်းကြောင်း ကင်ဆာဖြစ်ဖို့နှုန်းသည် အရက်တစ်မျိုးထဲသာ သောက်သုံးတတ်သူ
သို့ စီးကရက် တစ်မျိုးကိုသာ နေ့စဉ်မှီဝဲသူတွေထက် ငါးဆပိုသည်။ အကယ်၍
လူတစ်ယောက်သည် စီးကရက်ကို အသင့်အတင့်သောက်၍ နေ့စဉ်အရက်ကို အလွန်အမင်း
သောက်သုံးခဲ့သော် သူ၏ အစာမျိုလမ်းကြောင်း ကင်ဆာရောဂါ ဖြစ်မည့်နှုန်းသည် အရက်
သို့ စီးကရက် တစ်မျိုးထဲ သောက်သူထက် ၁၈ဆ ပိုသည်။ အရက်ရော စီးကရက်ကိုပါ
အလွန်အကျွံ သောက်မိပြီဆိုပါက ကင်ဆာဖြစ်ရမည့်နှုန်းသည် ၄၄ဆအထိ
တက်သွားနိုင်သည်။

ဘယ်လိုကြောင့် ဒီလိုဖြစ်နေရပါလိမ့်...။ အဖြေကို ရရှိရန် စီးကရက်တစ်လိပ်ကို
ရှုသွင်းနေသော သူတစ်ယောက်ကို သတိထားကြည့်ပါ။ စီးကရက်က ထွက်လာသော အငွေ့တွင်
ကာဗွန်မိုအောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် စသည့်
ကင်ဆာရောဂါဖြစ်စေနိုင်သော ဓါတ်အမျိုးပေါင်း ၄၀၀၀ တို့သည် အဆုတ်ထဲကို
ဝင်ရောက်သွားသည်။ ၄င်းဓါတ်ငွေ့တို့သည် ပါးစပ်၊ နှခေါင်း၊ လည်ချောင်းနှင့်
အဆုတ်ထဲ၌ အသာတွယ်ကပ်ပြီး နေတတ်ကြသည်။ ဤအချိန်မှာ ဆေးလိပ်သမားက
ရောဆာလာသဖြင့် ခံတွင်းရှင်းသွားအောင် အရက်တစ်ခွက်ကို အဖေါ်ပြုလိုက်ပြီ
ဆိုပါက ပါးစပ်နှင့် လည်ချောင်းတ၀ိုက်ကို အရက်ဖြင့် ပက်ဖျန်းလိုက်သလို
ဖြစ်သွားမည်ဖြစ်၏။ အရက်က ကင်ဆာရောဂါ မဖြစ်စေပါ။ သို့သော် ပါးစပ်၊
လည်ချောင်း စသည်တို့၌ အနည်တင်နေသော စီးကရက်မှ ဓါတ်များကို အရည်ပျော်စေ၍
ခန္ဓာကိုယ်ထဲကို မ၀င်ဝင်သွားအောင် အကူအညီ ပေးလိုက်၏။

စီးကရက်သမားက စီးကရက်ကို ဆက်ပြီးသောက်လျှင် ပါးစပ်နှင့် လည်ချောင်းအတွင်း၌
ရောက်နေပြီးဖြစ်သော အရက်က အဆိပ်ဓါတ်များကို ခန္ဓာကိုယ်တွင်းသို့
မ၀င်ဝင်အောင်ဆက်ပြီး ကူညီပြန်၏။ ဒီအချိန်မှာ ၀မ်းဗိုက်အတွင်း၌ ရှိသော
အသည်းက ၄င်းဆီကို ရောက်လာသော အဆိပ်အတောက်များကို ဖျက်ဆီးပစ်နိုင်အောင်
ကြိုးစားပေးရသည်။ အထူးသဖြင့် အရက်တွင်ပါလာသော ခန္ဓာကိုယ်တွင်းကို လောလောဆယ်
ဒုက္ခပေးမည့် အဆိပ်များကို လစ်လျှူရှု့ထားရသလို ဖြစ်သွား၏။ ဒီလိုနှင့်
စီးကရက် တစ်မျိုးထဲကို မှီဝဲနေသူ၏ သွေးထဲတွင် အဆိပ်ဓါတ်သည် မိနစ်အနည်းငယ်သာ
ရှိနေရမည့်အစား အရက်ပါ တွဲဖက်သောသူတွင် နာရီပေါင်းများစွာကြာအောင်
ဒုက္ခပေးနေတော့သည်။

အသည်းက အရက်တွင်ပါလာသော အဆိပ်များကို ဖျက်ဆီးပေးနေရစဉ် နောက် တာဝန်တစ်ခုကို
လစ်ဟင်းသွားပြန်သည်။ ဒါက သွေးထဲမှ အဆီဓါတ်ကိုယူပြီး သကြားဓါတ်အဖြစ်
အသွင်ပြောင်းပေးဖို့ တာဝန်ဖြစ်သည်။ သို့ကြောင့် အရက်သမားတို့တွင် သွေးထဲ၌
အဆီဓါတ်သည် ပိုလျှံနေတတ်သည်။ တချိန်ထဲမှာ စီးကရက်က ပါလာသော
အဆိပ်ဓါတ်များနှင့် ပေါင်းဆပ်မိသောအခါ သွေးခဲလွယ်သည့် အဆင့်ကို ရောက်သွား၏။
ဤတွင် သွေးကြောပိတ်သည့် ရောဂါမျိုးစုံနှင့် ဆက်စပ်သွား၏။

အဆုတ်ထဲကို ပြန်၍ ကြည့်ကြရအောင်...။ စီးကရက်ငွေ့တွင် CO ဓါတ်ငွေ့ပါရှိသည်။
ထိုဓါတ်ငွေ့သည် အောက်ဆီဂျင်ဓါတ်ငွေ့ထက် သွေးထဲကိုဝင်ဖို့ အဆ ၂၄၀ လွယ်ကူသည်။
ထို့ကြောင့် စီးကရက် များများသောက်နေသူ တစ်ယောက်၏ သွေးထဲတွင် အောက်ဆီဂျင်
ပါရှိသည့်နှုန်းသည် ၈% နီးပါး လျော့နည်းသွား၏။ စီးကရက် အရက်
တွဲဖက်စွဲနေသောသူသည် အစာအာဟာရ အစားအသောက် နည်းတတ်၏။ အာဟာရ ချို့တဲ့ နေတတ်၏။
ဤအချက်တွေ အားလုံးပေါင်းစပ်မိသောအခါ ခန္ဓာကိုယ်၏ အာရုံကြောများကို ထိ၏။
အသည်းကမကောင်း၊ အောက်ဆီဂျင်ကနည်း၊ သွေးကြောတွေက ပိတ်လုလု၊ အခြေအနေမှာ
ဦးနှောက်ကို ထိခိုက်၏။ နှလုံးသွေးကြောတွေကို ဒုက္ခပေး၏။
အသက်ရှုလမ်းကြောင်းကို ဒုက္ခပေး၏။ ဤတွင် နဂိုက သွေးတိုးရောဂါ နည်းနည်းပါးပါး
ရှိနေသူဖြစ်ပါက လေဖြတ်ခံရမှာ နှလုံးသွေးကြောပိတ် ရောဂါရတော့မှာ သေချာ၏။

အမျိုးသမီးများတွင် စီးကရက်သောက်ပြီး ပဋ္ဌိသန္ဓေတားဆေးကိုပါ သုံးစွဲပါက
ဦးနှောက်ထဲမှာ သွေးယိုသည်အထိ ဖြစ်တတ်၏။ အရက်က သွေးတိုးရောဂါကို အားပေး၏။
အစာအိမ်ရောဂါ ရှိသောသူသည် အရက်နှင့် စီးကရက်ကို ဆက်ပြီးမှီဝဲပါက ဘယ်တော့မှ
ရောဂါပျောက်ကင်းလိမ့်မည် မဟုတ်ချေ။
အမျိုးသားများတွင်လည်း အရက်ကို အလွန်အကျွံသောက်သုံးမိပါက သွေးထဲ၌
ယောက်ျားဟိုမုန်းဓါတ် ကျဆင်း၏။ စီးကရက်ဖြင့် ပေါင်းစပ်မိပါက
သုတ်ပိုးမထွက်သည့် ဘ၀ကို ရောက်သွားတတ်၏။ ထိုအခါ အိမ်ထောင်ကျပေမဲ့
ကလေးအဖေဘ၀ကို ရောက်တော့မည် မဟုတ်ပါ...။
သို့ကြောင့် အရက်နှင့် စီးကရက် မတွဲမိအောင် အတတ်နိုင်ဆုံး ဆရာဝန်တွေက
ပြည်သူတွေကို အကြံပေးကြပါဟု ၁၉၈၅ ခုနှစ်ထုတ် ကမ္ဘာ့ဆေးပညာ အသင်းဂျာနယ်မှ
ရေးသားခဲ့ခြင်း ဖြစ်ပါသည်။

Read More...

Friday, December 4, 2009

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှု တာဝန်ရှိ ဆရာဝန်ကို ဆေးကုသခွင့် ၅ နှစ်ပိတ်ပင်

ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း (SSC) တွင် သေဆုံးခဲ့သော မခိုင်ရွှန်းလဲ့ရည်ကို ခွဲစိတ်ကုသခဲ့သည့် ဆရာဝန်ကြီး ဒေါက်တာ ကြည်စိုးအား မြန်မာနိုင်ငံ ဆေးကောင်စီက ယနေ့မှစ၍ ဆေးကုသခွင့် ၅ နှစ် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

[လွန်ခဲ့သည့် ၁ လကျော်က ရွှေဂုံတိုင် အထူးကုဆေးခန်း (SSC) တွင် သေဆုံးခဲ့သည့် မခိုင်ရွှန်းလဲ့ရည်ကို ၎င်း၏ သူငယ်ချင်း တဦးနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - လျှပ်တစ်ပြက်)]


ဒေါက်တာကြည်စိုးအား တာဝန်မယူမှု၊ မှားယွင်းကုသမှု နှင့် ဆုံးဖြတ်ချက် မှားယွင်းမှု ဟူသော ပြစ်ချက် ၃ ရပ်ဖြင့် မခိုင်ရွှန်းလဲ့ရည် သေဆုံးရခြင်းနှင့်ပတ်သက်ပြီး အရေးယူခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းဂျာနယ် တစောင်က ပြောသည်။

“ဒီနေ့ပဲ ဆေးကောင်စီက သတင်းထုတ်ပြန်လိုက်တာပါ။ ဘာမှပြန်မမေးနဲ့တော့လို့ ပြောပါတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆေးကောင်စီက နိုဝင်ဘာ ၂၆ ရက်နေ့တွင် စုံစမ်းစစ်ဆေးမှု ကော်မတီ ဖွဲ့ကာ ၃၀ ရက်နေ့တွင် ၎င်းဆေးကုသမှုခံယူခဲ့သည့် SSC နှင့် ခွဲစိတ်ကုဆရာဝန်ကြီး ဒေါက်တာကြည်စိုးကို စတင် စုံစမ်းစစ်ဆေးကာ ယနေ့ အရေးယူလိုက်ခြင်း ဖြစ်သည်။

အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူ မခိုင်းရွှန်းလဲ့ရည်သည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် ၀မ်းဗိုက်နာသော ဝေဒနာဖြင့် ရွှေဂုံတိုင်ဆေးခန်းသို့ ရောက်ရှိလာရာ ဆေးခန်းမှ အစာအိမ်နှင့်အူလမ်းကြောင်းခွဲစိတ် အထူးကုဆရာဝန်ကြီးက အူအတက်ရောင် ရောဂါဖြစ်နေသည်ဟုပြောဆိုပြီး ခွဲစိတ်ကုသရာမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မခိုင်ရွှန်းလဲ့ရည် သေဆုံးပြီး ၂ ပတ်ကျော်အကြာတွင် ရန်ကုန်အခြေစိုက် လျှပ်တစ်ပြက် ဂျာနယ်နှင့် Weekly Eleven သတင်းဂျာနယ်တို့က ၎င်းသေဆုံးရသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းများ ရေးသားဖော်ပြခဲ့ကြသည်။
.

ထိုကဲ့သို့ သတင်းဂျာနယ်များက ဖော်ထုတ်တင်ပြခဲ့သည့်အချိန် အတောအတွင်း ဒေါက်တာကြည်စိုးမှာ တရုတ်ပြည်သို့ ခရီးထွက်နေကြောင်း ကြားသိရသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ရန်ကုန်သတင်းဂျာနယ် အယ်ဒီတာတဦးက ယခုကဲ့သို့ မီဒီယာ၏ ဖော်ပြမှုကြောင့် ဖြစ်ရပ်မှန်ကိုသိရှိပြီး အရေးယူနိုင်ခဲ့သည့်အတွက် ဤဖြစ်ရပ်ကို အများပြည်သူက အတုယူသင့်သည်ဟု ဆိုသည်။

“ဖြစ်ရပ်မှန်ကို မီဒီယာကို ပြောရဲတဲ့ မိသားစုဝင်တွေကို ချီးကျူးတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေ အများကြီး ရှိနိုင်ပေမယ့် ဘယ်သူမှ မသိလိုက်ရဘူး။ ဒီဖြစ်ရပ်ကို အတုယူပြီး လူတိုင်းလူတိုင်း မီဒီယာကို ပြောရဲမှ နောက်ပိုင်း ဘယ်သူမှ လက်လွတ်စပယ် မလုပ်ရဲမှာ” ဟု သူက ဆက်ပြောသည်။

မီဒီယာများအနေနှင့်လည်း ဖြစ်ရပ်မှန်ကို ဖော်ထုတ်တင်ပြကြရန်လိုကြောင်း၊ မီဒီယာကြောင့်သာ ယခုဖြစ်ရပ်ကို လူသိရှင်ကြား ဖြစ်ခဲ့ရ၍ အရေးယူဖော်ထုတ်သည့် အဆင့်အထိ ရောက်ခဲ့ကြောင်း သူက ဆိုသည်။

“တကယ်လို့ ဘယ်သူမှ မသိလိုက်ရင် ဘာမှမလုပ်ဘဲ ဒီအတိုင်းပဲ ပြီးသွားမှာ” ဟု ၎င်းက ပြောသည်။

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုနှင့်ပတ်သက်၍ ဒေါက်တာကြည်စိုးကို ဆေးကုသခွင့် ၅ နှစ်ရုတ်သိမ်းသကဲ့သို့ မခိုင်ရွှန်းလဲ့ရည် ဆေးကုသမှု ခံယူခဲ့သော SSC ဆေးခန်းအနေနှင့်လည်း ကာယကံရှင် မိသားစုအား ဝန်ချတောင်းပန်စေမည်ဖြစ်ကြောင်း သိရသည်။


၎င်းဖြစ်ရပ်နှင့် ပတ်သက်၍ ဧရာဝတီမဂ္ဂဇင်းက SSC သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဆေးခန်း၏ တာဝန်ရှိသူတဦးက အဆိုပါသတင်းများ မကြားသေးကြောင်း၊ လတ်တလောတွင် ယခုဖြစ်ရပ်နှင့်ပတ်သက်၍ မည်သည့် အင်တာဗျူးကိုမှ ဖြေကြားမည်မဟုတ်ကြောင်း ပြောကြားသည်။


ထိုင်းနိုင်ငံအခြေစိုက် သတင်းစာပညာ သင်တန်းများ ပို့ချပေးနေသော ဦးစံမိုးဝေက “သတင်းမီဒီယာ သမားတယောက် အနေနဲ့ နှစ်ထောင်းအားရ ဖြစ်ရပါတယ်။ နောက်နောင် ဆေးရုံတွေ၊ ဆရာဝန်တွေဘက်က သတိထား ဆင်ချင်စရာ ဖြစ်သွားသလို ပြည်သူလူထု အနေနဲ့လည်း မှန်တယ်လို့ ယုံကြည်ရာကို မီဒီယာကို ပြောပြရဲလာမယ်လို့ ယုံကြည်ပါတယ်။ သတင်းမီဒီယာရဲ့ သြဇာဆိုတာ ဒါပါပဲ။ တလွဲအသုံးမချကြဖို့တော့ လိုတာပေါ့” ဆိုသည်။

ယခုကဲ့သို့ ဆရာဝန်တဦး၏ ပေါ့လျော့မှုကြောင့် လူနာတဦးအသက်ဆုံးရှုံးရသည့် သတင်းကို မီဒီယာများတွင် ဖော်ပြပြီး လူသိရှင်ကြား စုံစမ်းအရေးယူမှု ပြုလုပ်သည့်ဖြစ်ရပ်မှာ မြန်မာပြည်တွင် ပထမဆုံးအကြိမ် ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်သည်။
.

Read More...

၅၀၀၀ ကျပ်တန် အတုလုပ်သူတချို့ ဖမ်းဆီးရမိဟု ဆို

• Posted by မြို့ စားလေး on December 4, 2009 at 7:30am
• စာပို့ မယ် View မြို့ စားလေး's blog
၅၀၀၀ ကျပ်တန် အတုပြုလုပ်သည်ဟု ယူဆရသော လူငယ်တချို့ကို မကြာသေးခင် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ တွင် ဖမ်းဆီး မိခဲ့ကြောင်း ကြည့်မြင်တိုင် မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

“စီအိုင်ဒီက လွှဲပြောင်း စစ်ဆေးနေပါတယ်၊ ကျနော်တို့က သတင်းအရ ဖမ်းတယ်၊ ၅၀၀၀ တန် အတု သိမ်းဆည်း ရမိတာကတော့ အကုန်လုံး သိပြီးပါပြီ၊ သိမ်းဆည်းရမိတဲ့ သက်သေခံ ပစ္စည်းတွေနဲ့ ပတ်သက်လို့တော့ အသေးစိပ် ပြောလို့မရသေးပါဘူး၊ အခုလို စစ်ဆေးနေစဉ် ကာလအတွင်းမှာ ကျနော်တို့ ပြောပိုင်ခွင့် မရှိပါဘူး၊ ပြီးသွားရင်တော့ ကျနော်တို့ ရှင်းလင်းမှာပါ”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

ယင်း ၅၀၀၀ ကျပ်တန်အတု ပြုလုပ်သူဟု ယူဆရသည့် လူငယ်တဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့ရှိ စားသောက်ဆိုင် တဆိုင်တွင် စားသောက်နေစဉ် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုလူငယ်နှင့် တရပ်ကွက်တည်း နေထိုင်သူ တဦးကလည်း “ဒီကောင်လေးက သူ့ သူငယ်ချင်း တွေကို မုန့်ဖိုးပေးတယ်၊ နောက်ပြီး စားသောက်ဆိုင် တွေမှာ သွားပြီး စားသောက်ကြတယ်၊ ကာရာအိုကေဆို ပန်းကုံးစွပ်တာတွေ လုပ်ကြတယ်လို့ ပြောတယ်။ စားသောက်ဆိုင် မန်နေဂျာက ၅၀၀၀ တန်တွေကလည်း များနေတယ်၊ ကောင်လေးကိုလည်း မသင်္ကာလို့ သူပေးတဲ့ ၅၀၀၀ တန်နဲ့ ဆိုင်မှာရှိတဲ့ ပိုက်ဆံပြန်တိုက် ကြည့်တော့ သိသွားတာ၊ ဆိုင်ရှင်က ရဲကို လှမ်းအကြောင်း ကြားလိုက်တာမှာ ဖမ်းမိသွားတာ”ဟု ပြောသည်။

၅၀၀၀ တန် အတုလုပ်သူဟု ယူဆရသော လူငယ်သည် အသက် ၂၀ ၀န်းကျင် အရွယ်ဖြစ်ပြီး နယ်မှ လာရောက်ကာ ကမာရွတ်မြို့နယ်၊ အမှတ် ၄ ရပ်ကွက် ၊ ဘုရင့်နောင် လမ်းမအနီး တိုက်အမှတ် ၁၉ တွင် ငှားရမ်း နေထိုင်ကြောင်း၊ ကွန်ပျူတာနှင့် ပတ်သက်သော အလုပ်လုပ်သူ တဦးဖြစ်ကြောင်း သူကပြောပြသည်။

.

ထိုလူငယ်နှင့် ဆက်စပ်နေသည့် တခြားသောလူငယ် ၃ ဦးလည်း ဖမ်းဆီးခံရကြောင်း နီးစပ်သူများက ပြောဆိုသည်။

စတင်ထိန်းသိမ်း ခံရစဉ်က ထိုလူငယ် ၃ ဦးကို မိဘများက သွားရောက် တွေ့ ခွင့်ရရှိခဲ့ပြီး ယခု နောက်ပိုင်း လုံးဝ တွေ့ခွင့် မရတော့ကြောင်း နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ဆက်လက်စုံစမ်း စစ်ဆေးနေသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

ရန်ကုန်မြို့ရှိ အစိုးရ ၀န်ထမ်းတဦးက “အခု တချို့ဈေးတွေမှာ ၅၀၀၀ တန်ပေးရင် ဈေးသည်တွေက မယူချင်ကြဘူး၊ အတုတွေ ကလည်း ဈေးကွက်ထဲမှာ ဘယ်လောက်ထိ ရောက်နေမှန်းလည်း မသိဘူး၊ လူတော်တော် များများက ၅၀၀၀ တန်နဲ့လည်း မရင်းနှီးဘူးလေ”ဟု ဆိုသည်။

အဆိုပါ ၅၀၀၀ ကျပ်တန် ငွေစက္ကူ အသစ်က အစိုးရက ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီသတင်းဌာနမှ ဆောင်းပါးရှင်ခိုင်ရီရေးသားထားသော ဆောင်းပါးအား ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်
http://www.irrawaddymedia.com/bur/index.php?option=com_content&...

.

Read More...

Wednesday, November 25, 2009

အပျင်းပြေပေါက်ကရလေးပေါ့ ဖတ်ကြည့်အုံး

၁။ တစ်ကိုယ်ကောင်း ဆောင်ရွက်ပါ။ အချောင်ရလျှင် ဝေစုခွဲပေးစရာ မလိုတော့။

၂။ ဆုံးဖြတ်ချက်များသည် အကောင်အထည် ဖော်ရန်မဟုတ်။ နာမည်ဖော်ရန် အတွက်သာ ဖြစ်သည်။

၃။ အမြင်ကျဉ်းပါ။ အမြင်ကျယ်လျှင် မျက်စိ ညောင်းသည်။

၎။ ရိုးရှင်းမှုသည် စိတ်၏ မြားတစ်စင်း ဟု ဆိုကြသည်။ မိမိထံ
ဦးတည်လာနိုင်သော ထိုမြားကို ရှုပ်ထွေးမှု ဖြင့် လမ်းလွှဲ တတ်ပါစေ။

၅။ ရှုပ်ရှုပ်ထွေးထွေးနေပါ။ ရိုးရှင်းမှုသည် ဖြောင့်တန်းသောကြောင့် သင်
ဘယ်ကို ဦးတည်နေသည်ကို သိနိုင်သည်။

၆။ လုပ်သင့်တာထက် လုပ်ချင်တာကို ဦးစားပေးပါ။ လုပ်သင့်တာကို သူများတွေ
လုပ်ကြပါလိမ့်မည်။

၇။ ဆုံးဖြတ်ချက် ချမထားပါနှင့်။ဟိုလိုလို ဒီလိုလို လွင့်မျောခွင့်
ပျောက်ဆုံးသွားလိမ့်မည်။

၈။ ကိုယ့်လမ်းကိုယ် မထွင်ပါနှင့်။ တောရှင်းရတာ အန္တရာယ် များလှသည်။

၉။ တာဝန်ယူစိတ် မထားပါနှင့်။တာဝန်ယူစိတ် ရှိခြင်းသည် ကိုယ့်ကိုကိုယ်
တရားခံရှာခြင်း ဖြစ်သည်။

၁၀။ များများပြောပြီး နည်းနည်းနားထောင်ပါ။ နားနှစ်ဖက် ပါခြင်းသည် ဒီဘက်
နားမှဝင်ပြီး ဟိုဘက် နားမှ ပြန်ထွက် စေရန် ဖြစ်သည်။

၁၁။ ယနေ့ပြီးနိုင်သော အလုပ်ကို မနက်ဖြန်သို့ ရွှေ့ပါ။ အလုပ်များသူဟု အထင်ကြီးခံရမည်။

၁၂။ သူများ စကားပြောနေလျှင် စိတ်ဝင်စားဟန် မပြပါနှင့်။ သူ့စကား
အောင်မြင်မှုရရန် အခွင့်အလမ်း နည်းသွားမည်။

.

၁၃။ အရည်မရ အဖတ်မရ စကားကို များများပြောပါ။ ယခုအခါတွင် ကွမ်းယာသည်များ
အဆင်ပြေနေသည်။

၁၄။ စာများများ မဖတ်ပါနှင့်။ အစာနှစ်မျိုးအနက် စိတ်၏ အစာဟု ခေါ်ဆိုကြသော
စာဖတ်ခြင်းသည် စာအုပ်ဖိုး၊ ငှားခ နှင့် ၀င်ကြေးများ ကုန်ကျသော်လည်း
ဗိုက်မ၀။

၁၅။ စာ ဖတ်ပါက အပျင်းပြေ၊ အပျော်ဖတ်၊ အရည်မရ အဖတ်မရ စာများကိုသာ
ရွေးဖတ်ပါ။ စကားဝိုင်းများ ကို သင် စိုးမိုးထားနိုင်လိမ့်မည်။

၁၆။ ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသည်များကို မသိလည်း ကိစ မရှိ။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးကလည်း သင့်ကို မသိချေ။

၁၇။ လေထဲတွင် တိုက်အိမ်ဆောက်ပြီး သင်ချဲ့ကားချင်သလို ချဲ့ကားပါ။
လေကုန်ကြမ်းကိုသာ အသုံးပြုရ သောကြောင့် လက်ဖက်ရည်ဖိုးမှလွဲပြီး
ကုန်ကျစရိတ် မရှိ။

၁၈။ တာဝန်ယူစိတ် မရှိသော ဦးနှောက်သည် ဆင်ခြေများစွာကို မှတ်မိနေတတ်သည်။
လိုသလို အသုံးချ ပါလေ။

၁၉။ ဇွဲရှိပါက ပင်ပန်း၏။ ဇွဲနှင့် ကြိုးစားနေစဉ် အခြေအနေ
ပြောင်းသွားမှုကြောင့် အချည်းနှီး ဖြစ်သွားတတ် သည်။

၂၀။ ဇွဲမရှိဘဲ မြန်မြန်လက်လျှော့တတ်ခြင်းကြောင့် အရှုံးသက်သာ၏။
ရည်မှန်းချက် ခိုင်မာမှု မရှိသောကြောင့် ရည်မှန်းချက်
ဖောင်းပွစွာထားနိုင်ပြီး တစ်ခုခုတွင် ပွပေါက်တိုးနိုင်၏။

၂၁။ ဟန်ပြ ဇွဲ ရှိခြင်းကား နောင်တွင် အသုံးတည့ှ်နိုင်၏။ အချို့ကိစ
များတွင် လူငှားဖြင့် ဇွဲရှိပါ။

၂၂။ လမ်းသစ် ထွင်ခြင်းသည် အခွင့်အလမ်းကို ဖန်တီးခြင်းဖြစ်ရာ
အရည်အချင်းလို၏။ အခွင့်အရေး အတွက်မူ အရည်အချင်း မလို။

၂၃။ နောက်မှ လိုက်ရသဖြင့် နောက်ကျမှာ မစိုးရိမ်ပါနှင့်။ ဘ၀လမ်းသည်
အဖြောင့်မဟုတ်သည့် အတွက် သင့်ကို ရှေ့ဆုံးမှ လူ ဟုပင် အထင်ခံရနိုင်သည်။

၂၄။ မိတ်ဆွေတုကို ပေါင်းပါ။ မိတ်ဆွေတုသည် အပေးမရှိ၊ အယူသာရှိပြီး၊
လက်မပါ၊ လေဖြင့်သာ ကူညီတတ်ရာ သင်သည်လည်း သူ၏ မိတ်ဆွေတု ဖြစ်သောကြောင့်
ဘာမှ ပေးကမ်းစရာမလို၊ သက်သာ ပေ၏။

၂၅။ ဘယ်ကို သွားမည်ဟု ဆုံးဖြတ်မထားသောကြောင့် ဦးတည်ချက် မျိုးစုံသို့
သွားနိုင်၏။ ကြိုက်သည့် ဘက်သို့ ယိမ်းနိုင်၏။

၂၆။ ဆုံးဖြတ်ချက် ချမိသကဲ့သို့ ဖြစ်သွားပါက မစိုးရိမ်ပါနှင့်။
ရှေ့ဆုံးဖြတ်ချက်များကို နောက်ဆုံးဖြတ်ချက် များနှင့် စိတ်ကြိုက်
ပြင်နိုင်၏။

၂၇။ မိမိလုပ်ဆောင်ချက်များကို ပြန်လည် မသုံးသပ်ပါနှင့်။ ဆင်ကန်းတောတိုး
အဆို ရှိသလို၊ ဆင်သွားလျှင် လမ်းဖြစ် ဟူသော အဆို လည်းရှိပေသည်။

၂၈။ လုပ်ချင်တာများသည် အရသာရှိလှသည်။ လုပ်သင့်တာများမှာမူ ပင်ပန်းခက်ခဲတတ်သည်။

၂၉။ လုပ်သင့်တာ မလုပ်ခြင်းဖြင့် လောကကို ပေးဆပ်ရန် အကြွေးချန်ထားပါ။
အကြွေးများသူကို အကြွေး ထပ်မပေးရဲတော့ပေ။

၃၀။ လုပ်သင့်တာ လုပ်သူများကို အများက ယုံကြည်လေးစားကြလိမ့်မည်။ မကြာမီ
မေ့တိမေ့လျော့နေကြ မည့် ယုံကြည်လေးစားမှုကို မမျှော်လင့်ပါနှင့်။

၃၁။ ယုံကြည်မှု မထားပါနှင့်။ ယုံကြည်ပါက အရာရာ ဖြစ်နိုင်သည် ဆိုသောစကားသည်
ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပြီ။

၃၂။ ယုံကြည်မှုသည် ကိုယ်တွင်း သံလိုက်ဓါတ်ကို အားကောင်းစေသည်။
သင့်အနားတွင် ရှိနေသော သံချေးများ ပြေးကပ်လာလိမ့်မည်။

၃၃။ သင့်ကိုယ်သင် ပင် မယုံကြည်ပါနှင့်။ အရာရာကို မယုံကြည်ခြင်းဖြင့်
ကြိုတင် ကာကွယ်နိုင်သည်။

၃၄။ ပညာမာန် တက်ပါ။ ပညာတကယ် မရှိသော်လည်း မာန်တက်လျှင် ပညာရှိဟု အထင် ခံရမည်။

၃၅။ ကိုးကားစရာ စာပိုဒ် တစ်ခုခုကို အာဂုံဆောင်ထားပါ။ လူထူထူ ရှိသောအခါ
ဆိုင်ဆိုင် မဆိုင်ဆိုင် ထုတ်သုံးပါ။

၃၆။ ယုတ္တိ ရှိရှိ မရှိရှိ ငါ့စကား နွားရ ကိုယ်လိုရာဆွဲပြီး ဇွတ်ပြောပါ။
နွားဈေးကောင်းသည်။

၃၇။ ပညာကို ဥာဏ်ဖြင့် ချွန်းမအုပ်လျှင် မှားတတ်သည်။ ပညာ
တကယ်မရှိသည့်အတွက် ချွန်းမလိုချေ။

၃၈။ အမြင်ကျယ်ဖို့ ဗဟုသုတ ရှာမှီးရန် လိုအပ်ရာ ခရီးစရိတ်နှင့် စာအုပ်ဖိုး
ကုန်သည်။ အမြင်ကျယ်ခြင်း ကြောင့် စိတ်ဝင်စားစရာထက် စိတ်ပျက်စရာများကို
ပိုမို မြင်တွေ့နေရလိမ့်မည်။

၃၉။ အမြင်ကျယ်ခြင်းကြောင့် အခွင့်အလမ်းများကို ပိုမြင်နိုင်သော်လည်း
အခွင့်အရေးလို အလုပ်မဖြစ်လှ။ အမြင်ကျဉ်းသူသည် အမြင်မှားတတ်သော်လည်း
မှန်ဖို့မလိုသောအခါ အမှားသည် အဆင်ပြေ၏။

၄၀။ ကျန်းမာရေး မလိုက်စားနှင့်။ ကျန်းမာရေးလိုက်စားခြင်းသည်
အလှူအိမ်များသို့ လိုက်စားသလို အရသာ မရှိလှဘဲ မိမိကိုယ်ကို ညှင်းဆဲခြင်း
ဖြစ်သည်။

၄၁။ ခေတ်မီကာလကြီးတွင် လေ့ကျင့်ခန်းလုပ်ပြီး ဒုက ရှာစရာ မလို။ ကျန်းမာမှ
အလုပ် လုပ်နိုင်မည် ဆိုသော လူများသည် အလုပ် မလုပ်ဘဲ ချမ်းသာနည်းကို
မသိသူများ ဖြစ်သည်။

၄၂။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုကြသည်။ အမှန်မှာ လာဘ် သည်သာ
ကျန်းမာခြင်း ဖြစ်သည်။

၄၃။ ကိုယ့်ကိုကိုယ် မသိချင်ပါနှင့်။ ကိုယ့်ကိုကိုယ် သိသောအခါ
မိမိကိုယ်ကို လှုပ်နှိုးတတ်သဖြင့် အိပ်ရေး ပျက်၏။

၄၄။ မိမိကိုယ်ကို အလွန်ကျဉ်းမြောင်းသော ဘောင်အတွင်း ပိတ်လှောင်ထားပါ။
ထို့နောက် အခြားသူများကို အဆိုပါ ဘောင် အတွင်း ဆွဲသွင်းပြီး မိမိကမ္ဘာ
ထူထောင်ပါ။

၄၅။ ဆုံးဖြတ်ချက် ချသောအခါတိုင်း ၎င်းကို အကောင်အထည် မဖော်ဟု
ဆုံးဖြတ်ထားပါ။ ရေတို လုပ်ဆောင်ရမည် များကို ရေရှည်ဆွဲဆန့်ရန်
စကားလုံးများကို ကျွမ်းကျင်စွာ အသုံးပြုပါ။

၄၆။ စုစည်းမှုကြောင့် မုန်တိုင်းဒဏ်ကို ခံနိုင်စေ၏။ သို့သော်
အခြားဒဏ်များကို ပို ခံရစေနိုင်သည်။

၄၇။ ပူးပေါင်းမှုကြောင့် စွမ်းအားပိုများမလာဘဲ အုပ်စု ပိုများလာမည်။
ဆောင်ရွက်မှု မအောင်မြင်သည့်အခါ တွင်မူ တစ်ဦးတည်း မခံရစေရန် အများနှင့်
အချိန်မီ ပူးပေါင်းပါ။

၄၈။ အရေးကြီးတာကို နောက်မှလုပ်ပါ။ အရေးကြီးသောအရာများကို
အရေးကြီးသောလူများ စိတ်မ၀င်စား သဖြင့် ဦးစားပေးရန် မလိုအပ်။

၄၉။ အရေးမကြီးသော အထူးအရေးပေါ်များကို ကြံဆဖော်ဆောင်တတ်လျှင် အရေးပါသူ
ဖြစ်လာမည်။ အရေးမကြီးတာများကိုသာ ဦးစားပေးခြင်းဖြင့် သင်၏ တစ်နေ့တာကို
ခက်ခဲခြင်းမှ ကာကွယ်ပါ။

....................................ချောကလက်မှကူးယူးသည်........................................................................................................... လူဆိုးလေ

.

Read More...